မင်းသိပါစေ ..
မင်း ငါ့ဘ၀ထဲကိုရောက်လာမှ
ငါဟာ သက်ရှိဆိုတာကိုသိခဲ့တယ်ဆိုတာ
မင်းနားလည်ပါစေ ..
မင်းးဟာငါ့အတွက်
အစားထိုးမရတဲ့ အမှန်တရားဆိုတာ
မင်းသိနိုင်ပါစေ ..
ငါ့အတွက် မင်းဟာ မှောင်လွန်းတဲ့ ညတွေရဲ့
ကြယ်စင်လေး
အိပ်မက်တွေကို အသက်သွင်းသူ
ပျော်ရွှင်ခြင်း အချစ်ကို နှလုံးသားထဲ ထည့်ပေးခဲ့သူဆိုတာ
မင်းသဘောပေါက်ပါစေ ..
မင်းကြောင့်ပဲ
ငါ့ရဲ့ခန္ဒာ ၊ ၀ိဥာဉ် နဲ့ စိတ်ထဲမှာ
ရှာဖွေဖို့ခက်တဲ့အချစ်ဆိုတာကို တွေ့ခဲ့ရတယ်
..
ငါရဲ့အချစ်တွေ မင်းထံနှင်းအပ်ချိန်မှာ
မင်းမရှိရင် မဖြစ်တဲ့ ငါ့ဘ၀ကိုမင်းခံစားတတ်ပါစေ ..
မင်း မရှိရင် ၊ ငါ ဆိုတာလဲ မရှိနိုင်ဘူး
မင်းရှိရင် ဘ၀မှာအရာရာ ပြည့်စုံစေတဲ့
ဖန်ဆင်းရှင်ဆိုတာ မင်းသိပါစေ ..။
No comments:
Post a Comment