မင်းကိုကြယ်တွေစုံတဲ့ညတွေထက်ပို ချစ်တယ်
မင်းကို ကြယ်တွေစုံတဲ့ ညတွေထက် ပိုချစ်တယ်
သကြားလုံးလေးနဲ့ ကိတ်မုန့်လေးထက်လဲ ပိုချစ်တယ်
သပြေသီးမှည့် ၊ marshmallows မုန့်ချိုတွေထက်လဲ ပိုချစ်တယ်
ကြည်လင်ပြာလဲ့နေတဲ့ ကန်ရေပြင်ထက်လဲ ပိုချစ်တယ်
မင်းကို ချောကလက်ထက်လဲ ပိုချစ်တယ်
အနီရောင် နှင်းဆီတွေထက်လဲ ပိုချစ်တယ်
အသည်းပုံ လော်ကက် ၊ ပန်ဒါဝက်ဝံလေးတွေထက်လဲ ပိုချစ်တယ်
သကြားခဲဗူးလေးထက်လဲ ပိုချစ်တယ်
မင်းကို lollipop သကြားလုံးတွေထက်လဲ ပိုချစ်တယ်
ထူထဲနွေးထွေးတဲ့ ခြေအိတ်လေးတွေထက်လဲ ပိုချစ်တယ်
အိုး .. ငါက သကြားကပ်
ဂျယ်လီပျော့ချိုချဉ်လေးတွေဆို ဘယ်လိုအရွယ်ပဲဖြစ်ဖြစ် ချစ်တာပဲကိုး ..
ဒါပေမဲ့ .. မင်းကိုတော့ အားလုံးထဲမှာ အချစ်ဆုံး ..
No comments:
Post a Comment