ချစ်သူရေ.........
တိတ်ဆိတ်တဲ့ ညတွေမှာ
တူယှဉ်ကာထိုင်ခဲ့ ဖူးတဲ့
အုတ်ခုံလေးတွေက
"ကို့ " ကိုမေးနေကြတယ်
တစ်ယောက်တည်းလားတဲ့.........
ချစ်သူရေ........
ပူလောင်ခြောက်သွေ့တဲ့
နေမင်းကြီးကလည်း
ရင်ထဲက အပူမီးကို
မယှဉ်နိုင်လို့ ထွက်ပြေးသွားပြီ..............
ချစ်သူရေ............
မိုးရေစက်ကလေးတွေကလည်း
ငိုနေရတဲ့ ကို့ မျက်ရည်တွေကို
ဘေးလူတွေမြင်မှာစိုးလို့တဲ့
ကာကွယ်ပေးပြန်တယ်နော်..........
ချစ်သူရေ..............
အေးချမ်းလှတဲ့ ဆောင်းလေကလည်း
တိုးဝှေ့တိုက်ခတ်ရင်း
မေးကြပြန်တယ်
နွေးထွေးလှတဲ့ ချစ်သူ့ရင်ခွင်
ဘယ်ရောက်သွားလဲတဲ့ ကွယ်...............
ချစ်သူရေ........
နွေရယ်၊မိုးဆောင်း
ပြောင်းကာသွားလည်း
ရင်ထဲကအချစ်တွေက
ပြောင်းလဲလို့မရတာ
နားလည်ပေးပါနော်.............
No comments:
Post a Comment