အချစ်ဆိုတာ
တစ်ခါတစ်ရံ သန်မာသလောက်
သန့်စင်တယ်
သဘာဝဆန်သလောက် ဖြန့်ဝေလို့လဲရတယ်
စမ်းသပ်မှုတွေကိုလဲ ကြံ့ကြံ့ခံနိုင်တယ်
..။
အချစ်ဆိုတာ
တစ်ခါတစ်ရံ နိမ့်ကျမှုတွေကို
ဆွဲတင်နိုင်တယ်
တောင်တန်းတွေထက်လဲ အရှက်ကြီးသလို
တစ်ခါတစ်လေတော့လဲ အရှက်မဲ့ပြန်ရော
..။
အချစ်ဆိုတာ
တစ်ခါတစ်ရံ ခမ်းနားတဲ့ အောင်ပွဲ
စိတ်နှစ်ခုရဲ့ပေါင်းစည်းမှုက
နတ်သမီးပုံပြင်လို အံ့သြစေတယ်
..။
အချစ်ဆိုတာ
ကြိုးစားအားထုတ်မှုရဲ့အောင်ပြွဲ ဖစ်သလို
ကြောက်ရွံ့မှုတွေကိုကျော်လွှာြး ပီး
အမှန်တရားနဲ့ ငြိမ်းချမ်းရေးရဲ့
အောင်လံတစ်ခု ဖြစ်ပြန်ရော
..။
အချစ်ဆိုတာ
အနာဂတ်မဲ့တဲ့
အိမ်မက်သောင်ခုံတွေကို ရှောင်ရှားဖို့
နှလုံးသားအတွက် မီးပြတိုက်ပေါ့
..။
အချစ်ဆိုတာ
ထာဝရ ၊ အမြဲတမ်း ရှင်သန်နေတဲ့
ရိုးသားမှု
နှစ်ပေါင်းများစွာ ရှင်သန်နေသမျှ
ဘ၀ရဲ့
အလင်းရောင်လေး ဖြစ်ပြန်ရော
..။
မင်းကိုငါချစ်ရတဲ့ အကြောင်းတွေက
ဒါတွေကြောင့်ဆိုတာ
မြင့်မားတဲ့ တောင်ထိပ်မှာပဲဖြစ်ဖြစ်
၊ နိမ့်ကျတဲ့မြေပြင်မှာပဲ ဖြစ်ဖြစ်
နေရာတိုင်းမှာ မချိုးမဖေါက်
ငါပြောနေမှာပါ ..။
No comments:
Post a Comment