မင်းရဲ့ အပြုံး ..
ရှည်လျားလွန်းတဲ့ နေ့
.. ညတွေကို
ဒုက္ခတွေနဲ့ ရင်ဆိုင်နေချိန်မှာ
အားလုံးကောင်းသွားစေဖို့
မင်းရဲ့အပြုံးလေးတော့ လိုအပ်တယ်
..။
ရှုတ်ချမှုတွေနဲ့ ပြစ်တင်မှုတွေကြားမှာ
ကျရှုံးနေချိန်
တစ်ယောက်ထဲ မဟုတ်ဖူးဆိုတာသိနိုင်ဖို့
မင်းရဲ့အပြုံးလေးတော့ လိုအပ်တယ်
..။
ဘ၀ကို ခက်ခဲစွာ ထိန်းကျောင်းနေရင်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေချိန်မှာ
အရာရာ ပြည့်စုံနိုင်ဖို့
မင်းရဲ့အပြုံးလေးတော့လိုအပ်တယ်
..။
ငါ့ရဲ့နေ့တွေတောက်ပစေဖို့
ငါ့ရဲ့ညတွေ ထွန်းလင်းစေဖို့
မင်းရဲ့ အပြုံးက အရာရာ
အဆင်ပြေစေမယ်ဆိုတဲ့ ကတိပါပဲ
..။
သံသယတွေ ၊ ကြောက်ရွံ့ခြင်းတွေနဲ့
မရေရာမှုတွေကို ဖယ်ရှားနိုင်ဖို့
နှလုံးသားကို ထွန်းလင်းစေနိုင်ဖို့
မင်းရဲ့ အပြုံးလေးကလွဲရင်
ငါ တစ်ခြားဘာကိုမှ မတောင့်တတော့ပါဘူးကွာ
..။
No comments:
Post a Comment