မင်းမရှိတော့တဲ့
အခါ ..
--
မင်းမရှိတော့တဲ့ အခါ ..
အမှတ်တရအကြောင်းတွေနဲ့
တို့ နှစ်ယောက် ပြောခဲ့ကြတဲ့
စကားတွေကိုပဲ
ထိုင်စဉ်းစားရင်းနဲ့
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်ရမလား ..။
အရင် ချစ်ခဲ့ကြတဲ့ အချိန်တွေ
တို့ တူတူရှိနေခဲ့ကြတဲ့
အချိန်တွေကို
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
ပြန်တွေးနေရမှာလား ..။
အချစ် နဲ့ အမုန်း ဆိုတဲ့
စကားလုံးတွေကြားမှာ
ချာချာလည်တဲ့ ဦးခေါင်းနဲ့
အားနည်းတဲ့ ခြေလှမ်းတွေလှမ်းရင်း
ဘ၀ကို ကုန်လွန်စေရမလား ..။
ငြင်းပယ်ခံနှလုံးသားနဲ့
မင်းရဲ့ ဂရုစိုက်မှု
ငါယုံကြည်တဲ့ အပြုံးလေးမရှိတဲ့
ဘ၀မှာ
ငါဘယ်လိုများ ခရီးဆက်နိုင်မလဲ ..။
ယုံကြည်မှုတွေ ဆုံးရှုံးရမလား
အင်အားတွေ ပြန်ရနိုင်မလား
မင်းမပါတဲ့ ငါ့အဖြစ်က
ဘာမှမသေချာပါဘူး ..။
သေချာတာ ..
မင်းမရှိတော့ရင်
ငါဆိုတာလဲ မရှိနိုင်တော့ဘူး
ဘာကြော့င်လဲဆိုတော့ -
မင်းငါ့ဘ၀ထဲက ထွက်ခွါချိန်ကတည်းက
ငါ့ကိုပါ တစ်ခါတည်း ယူသွားခဲ့လို့ပါ
..။
မင်းမရှိတော့တဲ့ အခါ
ငါ ဘာဆက်လုပ်ရမလဲ ?
No comments:
Post a Comment