zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Sunday, April 22, 2012


လွမ်းသည်ဆွေးသည်
ဘယ်ကဖြစ်တည်
အကြား၊အမြင်၊တွေ့ဆုံခြင်းမှစေ
လပီ
နှလုံးသားမှာစခန်းချခဲ့တဲ့အမှတ်တရတွေ
လွမ်းရမယ်ဆိုတာသိရင်
အဝင်ခံမှာမဟုတ်ဘူး
အခုတော့
နားကန်းတောင်ကြားနေရတဲ့သူ့အသံ
မျက်လုံးဖောက်ထုတ်လဲမြင်နေရတဲ့သူ့မျက်နှာ
ဉီးနှောက်ပေါက်သွားကျန်ခဲ့မဲ့အမှတ်တရ
သေတောင်လိုက်အုံးမယ့်
မင်းစကားတွေ
ငါရင်ကိုခွဲ
နှလုံးသားထုတ်ပီး
ကျန်တဲ့ဒဏ်ရာ
မင်းကိုပြလို့
မင်းပျော်မယ်ဆို
ငါသေပျော်ပီ

No comments:

Post a Comment