zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Sunday, May 27, 2012

Inline image 1
မင်းက ငါ့ရဲ့ ..


မင်းစကားတိုးတိုးလေးပြောတဲ့ အခါ
ငါ့နာမည်ကိုခေါ်တဲ့ အခါ
ကြင်နာမှုအပြည့်နဲ့ ငါ့လက်ကို ဆုပ်ကိုင်တဲ့ အခါ
ရင်ထဲက ခံစားမှုတွေ မင်းသိရဲ့လား ..။

ငါ့နှလုံးသားကို ဘယ်သူမှ
မယူနိုင်အောင် ဆုပ်ကိုင်ထားခဲ့ပေမဲ့
မင်းကတော့ ညင်သာစွာနဲ့ပဲ
ယူသွားနိုင်ခဲ့တယ်နော် ..။

မင်းက ငါ့ကိုရွေ့လျားစေတယ် .. အသက်ဝင်စေတယ်
မင်းကပဲ ငါ့ကို ခံစားတတ်စေတယ်
စကားလုံးနဲ့ဖေါ်ပြဖို့ ခက်ခဲပေမဲ့
သေချာတာက ငါ့ကို မင်း ထိန်းချုပ်နိုင်တယ်လေ ..။

ငါ့ရဲ့နှလုံးသားကိုကြင်နာမှုတွေနဲ့
သိမ်းပိုက်နိုင်တဲ့ သူ
မင်းက ငါ့ ရှင်သန်မှုရဲ့ အကြောင်းပြချက်
ဘ၀ရဲ့ အစိတ်အပိုင်းပါ ..။

Friday, May 25, 2012



၁ ။ မိန်းကလေးတစ်ယောက် ငိုကြွေးနေပြီဆိုရင် ပျော်လွန်းလို့လည်းဖြစ်နိုင်သလိ
ု ၀မ်းနည်းလွန်း လို့ လည်းဖြစ်နိုင်တယ် ။ သင့်ရဲ့ နှစ်သိမ့်စွာ ထွေးပွေ့မှုလေးတစ်ခု က သူ့မျက်ရည်တွေကို တိတ်စေပါတယ် ။

၂ ။ မိန်းကလေးတစ်ယောက် စိတ်ကောက်နေပြီဆိုရင် အလို မကျလို့လည်း ဖြစ်နိုင်သလို သင့်ဂရုစိုက်မှုကို လိုချင် လို့လည်းဖြစ်နိုင်တယ် ။ သင့်ဆီမှာ သူ စိတ်တိုင်းမကျစရာ ဘာရှိသလဲ ပြန်ဆန်းစစ်ပါ ။ အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့လည်းလိုပါပြီ ။

၃ ။ အသေးအဖွဲကိစ္စလေးပဲဆိုပြီး စကားကို မဆင်မခြင်မပြောမိပါစေနဲ့ ။ တခါတလေ ကိုယ်က ဘာရယ် မဟုတ်ဘူး ပြောမိလိုက်တဲ့ စကားတစ်ခွန်းက မိန်းကလေးတစ်ယောက်အဖို့ စိတ်ဒါဏ်ရာ ရသွားစေ တာမျိုးလည်းဖြစ်နိုင်တယ် ။

၎ ။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ဆိုရင် နားလည်မှုအများကြီးပေးနိုင်ဖို့လည်းလိုတယ် ။ ဥပမာ အခု ရုပ်ရှင်ကြည့်မယ်ပြောပြီးခါမှ ဘုရားသွားချင်တာမျိုး - - ဒါဆို သင် နားလည်ပေးဖို့လိုတယ် ။ ဘုရားကို အတူလိုက်သွားပြီး ပြီးမှ ရုပ်ရှင်ကြည့်ဖို့ ပြန်စည်းရုံးပါ ။

၅ ။ မိန်းကလေးတိုင်းဟာ ကိုယ့်ချစ်သူကို perfect ဖြစ်စေချင်ကြတယ် ။ ဒီတော့ သူတို့ ဂရုဏာ ဒေါသော နဲ့ ပြောတဲ့စကားတွေကို သင် က စိတ်ဝင်တစား လိုက်နာဖို့လိုတယ် ။ ဥပမာ သူက ဆေး လိပ်မသောက်ပါနဲ့လား ပြောခဲ့ပါက ခေါင်းညှိတ်လိုက်ပါ ။ သူ့ရှေ့မှာ မသောက် ပဲ ဖြတ်နိုင်အောင်ကြိုးစားပါ ။ မလွယ်သေး ပါက လျှော့သောက်ပါ ဒါဟာလည်း သူ့စကားကို ၁၀၀ % နားမထောင်ဘူးဆိုတာတောင်မှ ၇၀ % လောက် နားထောင်ခြင်းပါပဲ ။

၆ ။ အရာရာမှာ ကိုယ်က ဦးဆောင်နေဖို့လိုတယ် ။ ဘယ်လောက်ပဲ ထက်မြတ်ကျော်ကြား အောင်မြင်နေတဲ့ အမျိုးသမီးဖြစ်ပါစေ အချိန်တန်ရင်ချစ်သူရင်ခွင်မှာ မှီခိုချင်တာ သဘာဝပါပဲ ။ သူနားခိုဖို့ ကိုယ့်ရင်ခွင်ဟာ အရိပ်ကောင်းတဲ့ သစ်တစ်ပင်လိုဖြစ်ပါစေ ။ ( သစ်တပင်ကောင်း ငှက်တစ်သောင်းနား တော့မဖြစ်စေနဲ့ - - :P )

၇ ။ တခါတရံ မိန်းကလေးတစ်ယောက်က ပျော့ညံ့တတ်ပေမယ့်အချစ် သို့မဟုတ် နှလုံးသားရေးရာနဲ့ ပတ်သတ် လာရင် အံ့သြစရာကောင်းလောက်အောင် မာကျောပြတ်သားတတ်ကြတယ် ။ သူတို့ဟာ သိပ်ပြီးတွေဝေခြင်းမရှိ အမှားအမှန်မကြည့်ပဲ နှလုံးသားကေ စခိုင်းတဲ့အတိုင်း ဘ၀ကို ပုံအောပစ်ဖို့ ၀န်မလေးတတ်ကြဘူး ။

၈ ။ ဘာအကြောင်းပြချက်မှ မရှိပဲ သင့်ကို အတွေ့မခံဘူးဆိုပါတော့ ။ နားလည်ပေးပြီး အချိန်ကို စောင့်ဖို့လိုတယ် ။ အမျိုးသမီးတွေစိတ်ဟာ ဘယ်လို အရာနဲ့မှ ယှဉ်ပြလို့မရလောက်အောင် ထူးခြားဆန်းကြယ်ကြတယ် ။အခုလေး တင် မုန်တိုင်းတိုက်နေပေမယ့် မကြာခင်လေပြည်လေးလည်းဖြစ်သွားတတ်ကြတယ် ။ သူကိုယ့်ကို အတွေ့မခံ တာဟာ ကိုယ့်သူ့ကို ရိုးသွားမှာ စိုးတဲ့အတွက်ဖြစ်နိုင်သလို သူ့ဖက်က တစ်ချို့သော အခက်အ ခဲတွေကြောင့်လည်းဖြစ်နိုင်တယ် ။ သင်နားလည်ပေးလိုက်ပါ ။

၉ ။ ကိုယ့်ကို သ၀န်တိုလွန်းတဲ့အတွက် အမျိုးသမီးတစ်ယောက်ကို သင်စိတ်ပျက်နေလား ။ သင်နားမ လည်သေးတာပါ ။ သူက သိပ်ချစ်လို့ သ၀န်တိုတာဖြစ်တဲ့အတွက် သင့်ဖက်က နားလည်အောင်ရှင်းပြဖို့လိုတယ် ။ သ၀န် တို ခြင်းဟာ မိန်းကလေးအဖို့ မွေးကတည်းက မသင်ကြားပဲ တတ်မြောက်လာတဲ့ ပညာရပ်တစ်ခုဖြစ်တယ် ။

၁၀ ။ သင်လိုချင်တာမရလို့ သင့်ကောင်မလေးကို သင် စိတ်ပျက်နေသလား ။ အဲဒါဆို သင့်အမှားပဲဖြစ်တယ် ။ မိန်းကလေး အများစုဟာ အချစ်ကို တန်ဖိုး ထားပြီး ဘ၀ကိုဒုတိယနေရာမှာထားကြတယ် ။ သင်လိုချင်တာကို သူမပေးသေးတာဟာ သူ့အတွက် အဆင်သင့်မဖြစ်သေးတာရယ် သင့်စိတ်တွေပြောင်းလဲသွားမှာ ကို စိုးတဲ့ အတွက်ရယ်ကြောင့်ဖြစ်တယ် ။

Sunday, May 20, 2012



အချစ် ကြောင့်ရူး
အချစ် ကြောင့်မူး
အချစ် ရဲ့အဝေးကိုယ်ထွက်ပြေး တစ်ခါတစ်လေတော့လည်း စိတ်ညစ်ဖူး တယ် ။

Saturday, May 19, 2012

Inline image 1
မင်းသိပါစေ ..

မင်း ငါ့ဘ၀ထဲကိုရောက်လာမှ
ငါဟာ သက်ရှိဆိုတာကိုသိခဲ့တယ်ဆိုတာ
မင်းနားလည်ပါစေ ..

မင်းးဟာငါ့အတွက်
အစားထိုးမရတဲ့ အမှန်တရားဆိုတာ
မင်းသိနိုင်ပါစေ ..

ငါ့အတွက် မင်းဟာ မှောင်လွန်းတဲ့ ညတွေရဲ့ ကြယ်စင်လေး
အိပ်မက်တွေကို အသက်သွင်းသူ
ပျော်ရွှင်ခြင်း အချစ်ကို နှလုံးသားထဲ ထည့်ပေးခဲ့သူဆိုတာ
မင်းသဘောပေါက်ပါစေ ..

မင်းကြောင့်ပဲ
ငါ့ရဲ့ခန္ဒာ ၊ ၀ိဥာဉ် နဲ့ စိတ်ထဲမှာ
ရှာဖွေဖို့ခက်တဲ့အချစ်ဆိုတာကို တွေ့ခဲ့ရတယ် ..

ငါရဲ့အချစ်တွေ မင်းထံနှင်းအပ်ချိန်မှာ
မင်းမရှိရင် မဖြစ်တဲ့ ငါ့ဘ၀ကိုမင်းခံစားတတ်ပါစေ  ..

မင်း မရှိရင် ၊ ငါ ဆိုတာလဲ မရှိနိုင်ဘူး
မင်းရှိရင် ဘ၀မှာအရာရာ ပြည့်စုံစေတဲ့
ဖန်ဆင်းရှင်ဆိုတာ မင်းသိပါစေ ..။


Wednesday, May 16, 2012

သုံးရာသီအလွမ်း

ချစ်သူရေ.........
                 တိတ်ဆိတ်တဲ့ ညတွေမှာ
                 တူယှဉ်ကာထိုင်ခဲ့ ဖူးတဲ့
                 အုတ်ခုံလေးတွေက
                 "ကို့ " ကိုမေးနေကြတယ်
                 တစ်ယောက်တည်းလားတဲ့.........
ချစ်သူရေ........
                 ပူလောင်ခြောက်သွေ့တဲ့
                 နေမင်းကြီးကလည်း
                 ရင်ထဲက အပူမီးကို
                 မယှဉ်နိုင်လို့ ထွက်ပြေးသွားပြီ..............
ချစ်သူရေ............
                မိုးရေစက်ကလေးတွေကလည်း
                ငိုနေရတဲ့ ကို့ မျက်ရည်တွေကို
                ဘေးလူတွေမြင်မှာစိုးလို့တဲ့
                ကာကွယ်ပေးပြန်တယ်နော်..........
....
ချစ်သူရေ..............
                အေးချမ်းလှတဲ့ ဆောင်းလေကလည်း
                တိုးဝှေ့တိုက်ခတ်ရင်း
                မေးကြပြန်တယ်
                နွေးထွေးလှတဲ့ ချစ်သူ့ရင်ခွင်
                ဘယ်ရောက်သွားလဲတဲ့ ကွယ်...............
ချစ်သူရေ........
                 နွေရယ်၊မိုးဆောင်း
                ပြောင်းကာသွားလည်း
               ရင်ထဲကအချစ်တွေက
              ပြောင်းလဲလို့မရတာ
              နားလည်ပေးပါနော်.............

တို့ တူတူသာရှိနေခဲ့မယ်ဆို
အရာရာထက် မင်းကိုပိုချစ်မှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့နံဘေးမှာ မင်းကို အမြဲရှိနေစေချင်မှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့အတွေးတွေ အာလုံးကို မင်းအတွက်ဖြစ်စေရမှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါရေးသမျှ အကြောင်းအရာတွေက မင်းအကြောင်းတွေဖြစ်စေရမှာပါ ..။

တို့ တူတူသာသာရှိနေခဲ့မယ်ဆို
မင်းကလွဲလို့ နောက်ထပ်ဘာကိုမှ မလိုချင်တော့တာပါ ..။
 အတူတူသူရှိခဲ့ရင်

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့ရဲ့ ဥပဒေ ပြဌာန်းသူက မင်းဖြစ်နေမှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
မင်းသာ ငါ့နှလုံးသားရဲ့ပိုင်ရှင်ပါ ..။

 တို့ တူတူသာရှိနေခဲ့မယ်ဆို
ဖြစ်နိုင်မယ်ဆို အရာရာကို ငါ့အချစ်နဲ့ ဖြန့်ကျက်ပေးထားမှာပါ ..။

တို့ တူတူသာရှိနေခဲ့ရင်
မင်းအလိုရှိနေသရွေ့ မင်းဘေးမှာရှိနေမှာပါ ..။

တို့ တူတူသာရှိနေခဲ့ရင်
မင်းအတွက် အရာရာအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှာပါ ..။

ဒါပေမဲ့ အဲဒီအရာတွေက
တို့ တူတူရှိနေမှ ဖြစ်လာနိုင်မှာပါ ..။

Friday, May 11, 2012




                                     ဟိုးးးးးးးးးးးး အဝေးမှာ !!!!
                                     ဟိုးးးးးးးးးးးး တစ်ချိန်တုန်းက !!!
                                     ချစ်သူ အနူတ်ခမ်း နမ်းနေသော်လည်း ၊
                                     အချစ် မထင် ၊ အလွှမ်းသာ ထင်တယ် ချစ်သူ ။
                                                  အခု ကိုယ် မင်း ကိုအရမ်းလွှမ်းတာပဲ ။

Thursday, May 10, 2012



မင်းနဲ့ဝေးနေတဲ့  အချိန်တိုင်းမှာ
ရခဲ့တဲ့ စိတ်ဒုက္ခတွေက ..
ရင်ထဲမှာ တစ်ငွေ့ငွေ့လောင်မြိုက်နေတဲ့မီးလို
ငါ့ကိုမိနစ်တိုင်း ချိနဲ့စေခဲ့တာသိရဲ့လား ..။

မလှပတဲ့ ၀မ်းနည်းမှုတွေ  ၊ ကံဆိုးနေတဲ့ အထီးကျန်မှုတွေ
ရင်ဆိုင်အနိုင်ယူဖို့ဆိုတာ ဘေးနားမှာမင်းရှိနေမှပါ..။

       အရမ်းလွှမ်းတာပဲ ကလေးရယ် ။။။။



                    

မင်းကိုကြယ်တွေစုံတဲ့ညတွေထက်ပိုချစ်တယ်

မင်းကို ကြယ်တွေစုံတဲ့ ညတွေထက် ပိုချစ်တယ်
သကြားလုံးလေးနဲ့ ကိတ်မုန့်လေးထက်လဲ ပိုချစ်တယ်
သပြေသီးမှည့် ၊ marshmallows မုန့်ချိုတွေထက်လဲ ပိုချစ်တယ်
ကြည်လင်ပြာလဲ့နေတဲ့ ကန်ရေပြင်ထက်လဲ ပိုချစ်တယ်

မင်းကို ချောကလက်ထက်လဲ ပိုချစ်တယ်
အနီရောင် နှင်းဆီတွေထက်လဲ ပိုချစ်တယ်
အသည်းပုံ လော်ကက် ၊ ပန်ဒါဝက်ဝံလေးတွေထက်လဲ ပိုချစ်တယ်
သကြားခဲဗူးလေးထက်လဲ ပိုချစ်တယ်

မင်းကို lollipop သကြားလုံးတွေထက်လဲ ပိုချစ်တယ်
ထူထဲနွေးထွေးတဲ့ ခြေအိတ်လေးတွေထက်လဲ ပိုချစ်တယ်
အိုး  .. ငါက သကြားကပ် ဂျယ်လီပျော့ချိုချဉ်လေးတွေဆို ဘယ်လိုအရွယ်ပဲဖြစ်ဖြစ် ချစ်တာပဲကိုး ..
ဒါပေမဲ့ .. မင်းကိုတော့ အားလုံးထဲမှာ အချစ်ဆုံး ..

Friday, May 4, 2012




                             ချစ်သူ
                                   မင်း ကိုယ့် ကို ပြောတယ် ၊ 
                                    ဒီ သီချင်း ကိုမင်းအရမ်းကြိုက်တယ်တဲ့ ။
                                      ညနေခင်း တိုင်း မင်း ကိုယ့် ရဲ့အနမ်းတွေ ကိုသတိရ နေတဲ့သဘောလား
                                         ဘာပဲဖြစ်ဖြစ် မင်းကို အရမ်း လွှမ်းတယ် ၊ အတူတူ နေချင်တယ် ။
                                                                             ချစ်တယ်  ချစ်သူ ကလေးရယ် ။