zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Saturday, May 19, 2012

Inline image 1
မင်းသိပါစေ ..

မင်း ငါ့ဘ၀ထဲကိုရောက်လာမှ
ငါဟာ သက်ရှိဆိုတာကိုသိခဲ့တယ်ဆိုတာ
မင်းနားလည်ပါစေ ..

မင်းးဟာငါ့အတွက်
အစားထိုးမရတဲ့ အမှန်တရားဆိုတာ
မင်းသိနိုင်ပါစေ ..

ငါ့အတွက် မင်းဟာ မှောင်လွန်းတဲ့ ညတွေရဲ့ ကြယ်စင်လေး
အိပ်မက်တွေကို အသက်သွင်းသူ
ပျော်ရွှင်ခြင်း အချစ်ကို နှလုံးသားထဲ ထည့်ပေးခဲ့သူဆိုတာ
မင်းသဘောပေါက်ပါစေ ..

မင်းကြောင့်ပဲ
ငါ့ရဲ့ခန္ဒာ ၊ ၀ိဥာဉ် နဲ့ စိတ်ထဲမှာ
ရှာဖွေဖို့ခက်တဲ့အချစ်ဆိုတာကို တွေ့ခဲ့ရတယ် ..

ငါရဲ့အချစ်တွေ မင်းထံနှင်းအပ်ချိန်မှာ
မင်းမရှိရင် မဖြစ်တဲ့ ငါ့ဘ၀ကိုမင်းခံစားတတ်ပါစေ  ..

မင်း မရှိရင် ၊ ငါ ဆိုတာလဲ မရှိနိုင်ဘူး
မင်းရှိရင် ဘ၀မှာအရာရာ ပြည့်စုံစေတဲ့
ဖန်ဆင်းရှင်ဆိုတာ မင်းသိပါစေ ..။


No comments:

Post a Comment