zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Sunday, May 27, 2012

Inline image 1
မင်းက ငါ့ရဲ့ ..


မင်းစကားတိုးတိုးလေးပြောတဲ့ အခါ
ငါ့နာမည်ကိုခေါ်တဲ့ အခါ
ကြင်နာမှုအပြည့်နဲ့ ငါ့လက်ကို ဆုပ်ကိုင်တဲ့ အခါ
ရင်ထဲက ခံစားမှုတွေ မင်းသိရဲ့လား ..။

ငါ့နှလုံးသားကို ဘယ်သူမှ
မယူနိုင်အောင် ဆုပ်ကိုင်ထားခဲ့ပေမဲ့
မင်းကတော့ ညင်သာစွာနဲ့ပဲ
ယူသွားနိုင်ခဲ့တယ်နော် ..။

မင်းက ငါ့ကိုရွေ့လျားစေတယ် .. အသက်ဝင်စေတယ်
မင်းကပဲ ငါ့ကို ခံစားတတ်စေတယ်
စကားလုံးနဲ့ဖေါ်ပြဖို့ ခက်ခဲပေမဲ့
သေချာတာက ငါ့ကို မင်း ထိန်းချုပ်နိုင်တယ်လေ ..။

ငါ့ရဲ့နှလုံးသားကိုကြင်နာမှုတွေနဲ့
သိမ်းပိုက်နိုင်တဲ့ သူ
မင်းက ငါ့ ရှင်သန်မှုရဲ့ အကြောင်းပြချက်
ဘ၀ရဲ့ အစိတ်အပိုင်းပါ ..။

No comments:

Post a Comment