zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Wednesday, May 16, 2012

တို့ တူတူသာရှိနေခဲ့မယ်ဆို
အရာရာထက် မင်းကိုပိုချစ်မှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့နံဘေးမှာ မင်းကို အမြဲရှိနေစေချင်မှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့အတွေးတွေ အာလုံးကို မင်းအတွက်ဖြစ်စေရမှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါရေးသမျှ အကြောင်းအရာတွေက မင်းအကြောင်းတွေဖြစ်စေရမှာပါ ..။

တို့ တူတူသာသာရှိနေခဲ့မယ်ဆို
မင်းကလွဲလို့ နောက်ထပ်ဘာကိုမှ မလိုချင်တော့တာပါ ..။
 အတူတူသူရှိခဲ့ရင်

တို့ တူတူသာရှိနေခဲ့မယ်ဆို
ငါ့ရဲ့ ဥပဒေ ပြဌာန်းသူက မင်းဖြစ်နေမှာပါ ..။

တို့ တူတူသာရှိနေခဲ့မယ်ဆို
မင်းသာ ငါ့နှလုံးသားရဲ့ပိုင်ရှင်ပါ ..။

 တို့ တူတူသာရှိနေခဲ့မယ်ဆို
ဖြစ်နိုင်မယ်ဆို အရာရာကို ငါ့အချစ်နဲ့ ဖြန့်ကျက်ပေးထားမှာပါ ..။

တို့ တူတူသာရှိနေခဲ့ရင်
မင်းအလိုရှိနေသရွေ့ မင်းဘေးမှာရှိနေမှာပါ ..။

တို့ တူတူသာရှိနေခဲ့ရင်
မင်းအတွက် အရာရာအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှာပါ ..။

ဒါပေမဲ့ အဲဒီအရာတွေက
တို့ တူတူရှိနေမှ ဖြစ်လာနိုင်မှာပါ ..။

No comments:

Post a Comment