zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Sunday, June 24, 2012

သတိရခြင်းများ ~

ငြီးငွေ့တဲ့ အချိန်တွေတိုင်း
မင်းကို သတိရတယ် ..။

တစ်ယောက်ထဲ အထီးကျန်တဲ့ အချိန်တိုင်း
မင်းကို သတိရတယ် ..။

စိုးရိမ် ထိတ်လန့်တဲ့ အချိန်တိုင်း
မင်းကို သတိရတယ် ..။

ပျော်ရွှင်တဲ့ အချိန်တိုင်း
မင်းကို သတိရတယ် ..။

စိတ်တွေ ရှုတ်ထွေးတိုင်းလဲ
မင်းကို သတိရတယ် ..။

စိတ်ဓါတ် ကျတိုင်းလဲ
မင်းကို သတိရတယ် ..။

မင်းအကြောင်းတွေ တွေးမိတိုင်းလဲ
မင်းကို သတိရတယ် ..။

ဖိစီးမှုတွေ ကြုံတိုင်းလဲ
မင်းကို သတိရတယ် ..။

တစ်နှစ်မှာ ၃၆၅ ရက်
မင်းကို သတိရတယ် ..။

ရက်သတ္တ ၅၂ ပတ်
မင်းကို သတိရတယ် ..။

၁၂ လ
မင်းကို သတိရတယ် ..။

 ၈ ၇၆၀ နာရီ
မင်းကို သတိရတယ် ..။

၅၂၅ ၆၀၀ မိနစ်
မင်းကို သတိရတယ် ..။

၃၁ ၅၃၆ ၀၀၀ စက္ကန့်
မင်းကို သတိရတယ် ..။

ပြုံးတတ်စေတဲ့သူ ..

စိတ်ကူးတွေထဲ တစ်စုံတစ်ယောက်
ရောက်လာတဲ့ အခါတိုင်းငါ ပြုံးမိတယ်
အဲဒီသူက မင်းဖြစ်နေတာကြောင့်ပါ ..
အတွေးတွေထဲ မင်းရောက်လာတိုင်း ..
မင်းရဲ့ ဂရုစိုက်မှုလေးတွေ ပြန်တွေးမိတိုင်းလဲ ငါ ပြုံးမိတယ် ..။

အချစ်တွေနဲ့ ပြုံးတယ် ..
ကြည်နူးမှုနဲ့ ပြုံးတယ် ..
ဂရုစိုက်မှုကြောင့် ပြုံးတယ် ..
ပျော်ရွှင်မှုကြောင့် ပြုံးတယ် ..

မင်းပေးတဲ့ ပျော်ရွှင်မှုကြောင့်
မင်းပေးတဲ့ ဂရုစိုက်မှုတွေကြောင့်
မင်းနဲ့ တူတူရှိနေရချိန်မှာ
နာကျင်မှုနဲ့ မျက်ရည်တွေမရှိလို့ ငါပြုံးခဲ့တယ်လေ ..။

ရှူရှိုက်လိုက်တဲ့ လေထဲမှာ
မင်းအချစ်တွေရှိနေမယ်လို့ တွေးရင်း ငါပြုံးတယ်
မင်းအချစ်ကြောင့် ကြောက်ရွံ့မှုတွေ
ဝေးကွာသွားပြီလို့ တွေးရင်း ငါပြုံးတယ် ..။

မင်းရဲ့ အပြုံးလေးကို
မြင်ယောင်တိုင်း ငါ ပြုံးမိတယ်
မင်းကြောင့်ငါ့မျက်ရည်တွေ
ပျောက်ကွယ်ခဲ့ရတာ တွေးမိတိုင်းငါပြုံးမိတယ် ..။

ငါ့ရဲ့ နောက်ဆုံးအပြုံးဆိုတာ မင်းကြောင့်ပဲ ဖြစ်ရမှာပါ
ငါ့ရဲ့ နောက်ဆုံးအပြုံးဟာလဲ မင်းအတွက်ပဲ ဖြစ်ရမှာပါ
ငါ့ရဲ့ နောက်ဆုံးအပြုံးက မင်းအပေါ်မှာ ယုံကြည်ခြင်းကြောင့်ပဲ ဖြစ်ရမှာပါ
နာကျင်မှုတွေမပါတဲ့ အပြုံးမျိုးပဲ ဖြစ်စေရမှာပါ ..။

အခုပြုံးနေတာလဲ မင်းကြောင့်ပါ
အခုပြုံးနေတာဟာ မင်းရဲ့ ဂရုစိုက်မှုကြောင့်ပါ
အခုပြုံးနေတာက မင်းနဲ့ တူတူရှိနေပြီး
နာကျင်မှု မျက်ရည်တွေ ကင်းစင်သွားလို့ပါ ..။

  မင်းအတွက်ဆုတောင်း

.. ချစ်သူ ..

ခက်ခဲတဲ့နေ့တိုင်းကို ကျော်ဖြတ်နိုင်ပါစေ

ဝမ်းနည်းမှုတိုင်းကို အပြုံးနဲ့ ရင်ဆိုင်နိုင်ပါစေ

သက်တန့်လေးလို အရောင်စုံနဲ့ ပြည့်စုံပါစေ

ရီသံလေးတွေ မင်းနှုတ်ခမ်းပေါ်မှာ ကစားနိုင်ပါစေ

ညနေခင်းတိုင်းမှာ နွေးထွေးမှုရှိပါစေ

စိတ်ဓါတ်ကျနေချိန်မှာ ဖေးမမှုတွေ ကြုံတွေ့ပါစေ

ခင်မင်မှုတွေနဲ့ တောက်ပနိုင်ပါစေ

မြင်လေသမျှ အလှအပတွေဖြစ်ပါစေ

သံသယတွေကြားမှာ ယုံကြည်မှု မြဲမြံပါစေ

သဒ္ဒါတရားမှာ သက်ဝင်နိုင်ပါစေ

အမှန်တရားအတွက် သတ္တိရှိနိုင်ပါစေ

မလိုမုန်းထားမှုတွေကိုလဲ သည်းခံနိုင်ပါစေ

ဘ၀မှာ အချစ်နဲ့ ပြည့်စုံနိုင်ပါစေ ...။
မင်းရဲ့ အပြုံး ..
ရှည်လျားလွန်းတဲ့ နေ့ .. ညတွေကို
ဒုက္ခတွေနဲ့ ရင်ဆိုင်နေချိန်မှာ
အားလုံးကောင်းသွားစေဖို့
မင်းရဲ့အပြုံးလေးတော့ လိုအပ်တယ် ..။

ရှုတ်ချမှုတွေနဲ့ ပြစ်တင်မှုတွေကြားမှာ
ကျရှုံးနေချိန်
တစ်ယောက်ထဲ မဟုတ်ဖူးဆိုတာသိနိုင်ဖို့  
မင်းရဲ့အပြုံးလေးတော့ လိုအပ်တယ် ..။

ဘ၀ကို ခက်ခဲစွာ ထိန်းကျောင်းနေရင်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေချိန်မှာ
အရာရာ ပြည့်စုံနိုင်ဖို့
မင်းရဲ့အပြုံးလေးတော့လိုအပ်တယ် ..။

ငါ့ရဲ့နေ့တွေတောက်ပစေဖို့
ငါ့ရဲ့ညတွေ ထွန်းလင်းစေဖို့
မင်းရဲ့ အပြုံးက အရာရာ
အဆင်ပြေစေမယ်ဆိုတဲ့ ကတိပါပဲ ..။

သံသယတွေ ၊ ကြောက်ရွံ့ခြင်းတွေနဲ့
မရေရာမှုတွေကို ဖယ်ရှားနိုင်ဖို့
နှလုံးသားကို ထွန်းလင်းစေနိုင်ဖို့
မင်းရဲ့ အပြုံးလေးကလွဲရင်
ငါ တစ်ခြားဘာကိုမှ မတောင့်တတော့ပါဘူးကွာ ..။
 

Monday, June 18, 2012

အချိုဆုံး စကား ..
 
ခံစားချက်တွေကို ဖေါ်ပြဖို့
စကားလုံးတွေအများကြီးရှိလိမ့်မယ် ..။

တစ်ချို့တွေက အတွေးအမျိုးမျိုး ဖြစ်စေတယ်
တစ်ချို့ကတော့ နှလုံးသားထဲအထိ ဖေါက်ထွင်းပြီ့း
တစ်ချို့ကျတော့လဲ တို့ရဲ့ ပုံစံတွေကို   ပြောင်းလဲနိုင်တယ် ..။

ချိုမြိန်တဲ့ စကားလုံးတွေ ၊ မှော်ဆန်တဲ့ စကားလုံးတွေ
ရိုးရှင်းတဲ့ စကားလုံးတွေ ၊ အင်အားရှိတဲ့ စကားလုံးတွေ ရှိသလို
တစ်ချို့စကားတွေကျတော့လဲ
နှင်းဆီပန်းလို လှပတဲ့ အရောင်နဲ့ မွှေးပျံ့တဲ့ ရနံ့တွေရှိတယ် ..။

နောက်ဆုံးပြောရရင် စကားလုံးတွေက
တို့ အတွက် မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေးကိုပါ ဆောင်ယူပေးတယ် ..။

စကားတွေ အားလုံးထဲကမှ
ငါ့ အကြိုက်ဆုံးရွေးချယ်ပါ ဆိုရင်တော့ ..

ငါ့အတွက် အပြစ်အကင်းမဲ့ဆုံး ..
ငါ့အတွက် အချိုမြိန်ဆုံး
ငါ့အတွက် ပျော်၇ွှင်ခြင်းတွေ သယ်ဆောင်လာတဲ့
မင်းနှုတ်ခမ်းက ပြောတဲ့
“ငါ့ကို မင်းချစ်တယ်” ဆိုတဲ့
အရိုးရှင်းဆုံးစကားလေးပဲ ဖြစ်လိမ့်မယ် ..။