zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Sunday, June 24, 2012

မင်းရဲ့ အပြုံး ..
ရှည်လျားလွန်းတဲ့ နေ့ .. ညတွေကို
ဒုက္ခတွေနဲ့ ရင်ဆိုင်နေချိန်မှာ
အားလုံးကောင်းသွားစေဖို့
မင်းရဲ့အပြုံးလေးတော့ လိုအပ်တယ် ..။

ရှုတ်ချမှုတွေနဲ့ ပြစ်တင်မှုတွေကြားမှာ
ကျရှုံးနေချိန်
တစ်ယောက်ထဲ မဟုတ်ဖူးဆိုတာသိနိုင်ဖို့  
မင်းရဲ့အပြုံးလေးတော့ လိုအပ်တယ် ..။

ဘ၀ကို ခက်ခဲစွာ ထိန်းကျောင်းနေရင်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေချိန်မှာ
အရာရာ ပြည့်စုံနိုင်ဖို့
မင်းရဲ့အပြုံးလေးတော့လိုအပ်တယ် ..။

ငါ့ရဲ့နေ့တွေတောက်ပစေဖို့
ငါ့ရဲ့ညတွေ ထွန်းလင်းစေဖို့
မင်းရဲ့ အပြုံးက အရာရာ
အဆင်ပြေစေမယ်ဆိုတဲ့ ကတိပါပဲ ..။

သံသယတွေ ၊ ကြောက်ရွံ့ခြင်းတွေနဲ့
မရေရာမှုတွေကို ဖယ်ရှားနိုင်ဖို့
နှလုံးသားကို ထွန်းလင်းစေနိုင်ဖို့
မင်းရဲ့ အပြုံးလေးကလွဲရင်
ငါ တစ်ခြားဘာကိုမှ မတောင့်တတော့ပါဘူးကွာ ..။
 

No comments:

Post a Comment