zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Saturday, June 2, 2012

ရုန်းမထွက်နိုင်တော့လဲ ..

ဘယ်အရပ်ကိုပဲ သွားသွား
ငါသွားတဲ့နေရာတိုင်းမှာ
မင်းရှိနေတယ် ..။

မြင်ဖို့လဲ မတတ်နိုင်
ဆုပ်ကိုင်လို့လဲမရ (လေလိုပဲ)
ဒါပေမဲ့ မေ့ဖျောက်လို့ကလဲ မရပြန်ဖူးလေ ..။

မဆုံဖြစ်တဲ့ အချိန်တိုင်း
မနားတမ်း တွေးမိတာ
မင်း အကြောင်းပါ ..။

မျက်လုံးတွေ မှိတ်လိုက်ရင်လဲ
ငါ့ကို မိုးကြည့်နေတဲ့ မင်းရဲ့ အပြုံးမျက်နှာပဲ
မြင်ယောင်မိနေတယ် ..။

ရုန်းမထွက်နိုင်တော့လဲ
တစ်ယောက်ထဲ အခန်းကျဉ်းထဲမှာထိုင်ရင်း
မင်းနဲ့နီးဖို့ပဲ
အချိန်တိုင်း ဆုတောင်းနေမိတယ် ..။

Inline image 1


--

No comments:

Post a Comment