zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Sunday, June 10, 2012

အမြဲ အတူတူ




မင်း သိရဲ့လား ?
ငါဟာ မင်းအတွက် အမြဲတမ်း၊ထာဝရ ရှိနေမယ်ဆိုတာ
မင်းဘယ်လိုအကြောင်းနဲ့ ဘယ်လောက်ဝေးကွာနေပါစေ
မင်းအတွက် ငါ အမြဲ တမ်းရှိနေမှာပါ

မင်း ပင်လယ်ကြီးထဲ မှာပဲဖြစ်ဖြစ်
လေထုထဲမှာပဲ ဖြစ်ဖြစ်
ကန္တာရထဲမှာပဲ ဖြစ်ဖြစ်
ငါအမြဲ မင်းအတွက်ရှိနေမှာပါ

ပြီးရင်တော့ ရမ်းကားကြမ်းတမ်းတတ်တဲ့ ငါ့ကို
အံ့အားသင့်စေတဲ့ မင်းရဲ့ အသိဥာဏ်တွေနဲ့
ပြုပြင်ပေးလိုက်ပါ
မင်းကြိုက်သလို့ပေါ့

မင်းက ငါ့အိပ်မက်တွေကို
တစ်ကယ်ဖြစ်လာစေမယ်လို့ ယုံကြည်တယ်
မင်းနဲ့သာဆို ခယောင်းဆူးခင်းတဲ့လမ်းကိုလဲ
ငါ လျှောက်မှာပါ

မင်းဟာ ကောင်းကင်ကြီးရဲ့ နေမင်း
ငါးတစ်ကောင်အတွက် ပင်လယ်ကြီး
ငှက်ကလေးတစ်ကောင်အတွက် သီဆိုစရာ သံစဉ်တစ်ခု
အဲလိုပဲ ငါ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ

ငါမင်းကိုချစ်တယ်
အဲဒီအချစ်က ငါ့နှလုံးသားထဲမှာ ထာဝရတည်ရှိနေမှာပါ
ကောင်းမွန်ခြင်းတွေ ၊ သာယာမှုတွေရှိနေမဲ့ ဘ၀တစ်ခု ရှိနေမယ်ဆိုရင်တောင်
မင်းငါ့ဘေးမှာမပါပဲ ငါ ခုန်ချလိုက်မှာမဟုတ်ပါဘူး

No comments:

Post a Comment