zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Sunday, June 10, 2012

                        ကိုယ့်ကိုကိုယ်သတိထားကြည့်ရင်




လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…

တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ.

အဲဒါကြောင့်…တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကိုကြည့်မယ်ဆိုရင်…
ဘယ်တော့မှ
တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့

အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။

လူတွေနဲ့ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး
ရှည်ရှည်လေးဖြစ်နေလဲသိလား…

လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့…

ပြီးတော့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ…

အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှုမထည့်ကြပါနဲ့

လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား…

ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့….

အဲဒါကြောင့်…ပြောတဲ့ စကားတိုင်းကိုလဲ…အထိန်းအကွတ်ရှိလို့ လိုပါတယ်…

လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား…

များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်…

အဲဒါကြောင့်….ကိုယ်နားထောင်ချင်တဲ့စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး…

နောက်ပြီး ဘယ်တော့မှ တစ်ဖက်ထဲကစကားကို နားမယောင်သင့်ဘူးပါဘူးနော်..

နောက်ပြီး နားရွက်က နှစ်ဖက်ရှိပြီး ပါးစပ်က တစ်ပေါက်ထဲရှိတာနော်….

အဲဒါကတော့…နားထောင်တာနဲ့ ပြောတာရဲ့ အချိုးက နှစ်အချိုး တစ်ရှိသင့်တယ်ဆိုတာပါပဲ…

နောက်ပြီး လက်က ဘာလို့ နှစ်ဖက်ရှိပြီး ဦးနှောက်က တစ်လုံးထဲရှိနေတာလဲသိလား…

အလုပ်ကိုများများလုပ်ပြီး စဉ်းစားတာကို နည်းနည်းပဲစဉ်းစားဖို့ လေ….

မစဉ်းစားပဲလုပ်ချည်းပဲလုပ်နေလို့ မဖြစ်သလို….မလုပ်ပဲ စဉ်းစားချည်းပဲ
စဉ်းစားနေလို့ မဖြစ်ဘူးလေ…

သူလဲ နှစ်အချိုး တစ်ပဲ…

ဘာလို့ ဦးနှောက် အပေါ်ရောက်နေပြီး နှလုံးသားက အောက်ရောက်နေလဲသိလား

ခံစားချက်နဲ့ ဦးနှောက်နဲ့ ယှဉ်လာရင်… ဦးနှောက်ကို ဦးစားပေးပါတဲ့….

ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်မယ်ဆိုရင်….ဘ၀မှာ
ကိုယ်ဘယ်လိုနေထိုင်သင့်သလဲဆိုတာ….သဘောပေါက်နားလည်နိုင်ပါတယ်…

စေ့စေ့တွေးလေ သဘောပေါက်လေပေါ့…

ဘယ်အရာမဆို…သူ့ အကြောင်းပြချက်နဲ့ သူရှိပါတယ်….နားလည်တတ်ကြည့်တတ်ဖို့ ပဲလိုတာပါ….

--

No comments:

Post a Comment