zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Thursday, May 10, 2012


မင်းကိုကြယ်တွေစုံတဲ့ညတွေထက်ပိုချစ်တယ်

မင်းကို ကြယ်တွေစုံတဲ့ ညတွေထက် ပိုချစ်တယ်
သကြားလုံးလေးနဲ့ ကိတ်မုန့်လေးထက်လဲ ပိုချစ်တယ်
သပြေသီးမှည့် ၊ marshmallows မုန့်ချိုတွေထက်လဲ ပိုချစ်တယ်
ကြည်လင်ပြာလဲ့နေတဲ့ ကန်ရေပြင်ထက်လဲ ပိုချစ်တယ်

မင်းကို ချောကလက်ထက်လဲ ပိုချစ်တယ်
အနီရောင် နှင်းဆီတွေထက်လဲ ပိုချစ်တယ်
အသည်းပုံ လော်ကက် ၊ ပန်ဒါဝက်ဝံလေးတွေထက်လဲ ပိုချစ်တယ်
သကြားခဲဗူးလေးထက်လဲ ပိုချစ်တယ်

မင်းကို lollipop သကြားလုံးတွေထက်လဲ ပိုချစ်တယ်
ထူထဲနွေးထွေးတဲ့ ခြေအိတ်လေးတွေထက်လဲ ပိုချစ်တယ်
အိုး  .. ငါက သကြားကပ် ဂျယ်လီပျော့ချိုချဉ်လေးတွေဆို ဘယ်လိုအရွယ်ပဲဖြစ်ဖြစ် ချစ်တာပဲကိုး ..
ဒါပေမဲ့ .. မင်းကိုတော့ အားလုံးထဲမှာ အချစ်ဆုံး ..

No comments:

Post a Comment