zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Saturday, March 24, 2012


ချစ်သူ ..

နွေဦးရဲ့ သစ်ရွက်ခြောက်လေးတွေ ကြွေလွင့်နေတဲ့

လမ်းကျဉ်းလေးထဲမှာ .. တူတူလမ်းလျှောက်ချင်တယ်


ချစ်သူ ..

မိုးတွေရွာနေတဲ့ အချိန်လေးမှာ

မိုးရေစက်လေးတွေကို .. တူတူရေတွက်ကြည့်ချင်တယ်


ချစ်သူ ..

အေးချမ်းတဲ့ ဆောင်းညတွေမှာ

နွေးထွေးမှုတွေနဲ့ တို့အတူရှိနေချင်တယ်


ချစ်သူ ..

ငှက်ကလေးတွေ အော်မြည်တဲ့နေခြည်ဖြာတဲ့

နံနက်ခင်းတိုင်းကို .. မင်းနဲ့ကြိုဆိုချင်တယ်


ချစ်သူ ..

ကြယ်တွေစုံလင်တဲ့ညမှာ

ကြည်လင်နေတဲ့ကောင်းကင်ကြီးကို.. တို့တူတူမော့ကြည့်ချင်တယ်


ချစ်သူ


သာယာမှုတွေ ချိုမြိန်မှုတွေပျော်ရွှင်မှုတွေ

ကြည်နူးမှုတွေ လှပခြင်းတွေအားလုံး

မင်းနဲ့တူတူခံစားချင်တယ်


ဒါပေမဲ့ …..


ချစ်သူ ..

ကန္တာရဆူခင်းလမ်းတွေ .. ခြောက်သွေ့မှုတွေ

ဝမ်းနည်းမှုတွေ .. မျက်ရည်တွေ.. ကျရှုံးမှုတွေ

ကြမ်းတမ်းခက်ခဲမှုတွေ .. ချောက်ကမ္ဘားတွေ

ဒါတွေ ရင်ဆိုင်ဖို့ မင်း မလိုက်ခဲ့ပါနဲ့ ..

ကိုတစ်ယောက်ထဲ ရင်ဆိုင်ကျော်ဖြတ်ပြီး

မင်းဆီကို အရောက်ပြန်လာခဲ့ပါရစေ ..


ကိုရဲ့ အမြတ်နိုးဆုံး မင်းကို

သိပ်ချစ်လွန်းလို့ပါ ……

No comments:

Post a Comment