zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Wednesday, March 28, 2012





အချစ်ဆိုတာ

ရယူခြင်းလား
ဒါဆိုရင်လဲ အရာရာကို
ရင်ဆိုင်ပြီး ရယူနိုင်ပါရစေ ..

ပေးဆပ်ခြင်းလား
ဒါဆိုရင်လဲ ပိုင်ဆိုင်မှုတွေအားလုံးကို
စွန့်လွှတ်ပေးလိုက်ပါရစေ

ပျော်ရွှင်ခြင်းလား
ဒါဆိုရင်လဲ အဲဒီပျော်ရွှင်မှုတွေနဲ့
နေ့သစ်တွေကိုကျော်ဖြတ်ပါရစေ

ဝမ်းနည်းခြင်းလား
ဒါဆိုရင်လဲ အထီးကျန်ညတိုင်းမှာ
ဝမ်နည်းခြင်းတွေနဲ့ အိပ်စက်ပါရစေ

လွမ်းဆွတ်ခြင်းလား
ဒါဆိုရင်လဲ အဝေးတစ်နေရာကနေ
တိတ်တိတ်လေးလွမ်းနေပါရစေ

သတိရခြင်းလား
ဒါဆိုရင်လဲ အမှတ်ရစရာတွေအားလုံးကို
နောက်ဘ၀ပေါင်းများစွာထိ သယ်ယူသွားပါရစေ

ဘ၀မှာ မင်းကိုချစ်မိလို့
ရလာမဲ့ အရာအားလုံးကို
မြတ်နိုးစွာနဲ့ ထွေးပွေ့ထားချင်လို့ပါ။

No comments:

Post a Comment