zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Saturday, March 24, 2012



ချစ်သူ ငါဟာနင့်အတွက် ရှင်သန်နေတယ်လို့ဆိုရင် ဒါဟာ မုသားသက်သက်ပါ။ ငါဟာနင့်အတွက် ရှင်သန်နေတာမဟုတ်ပါဘူး။ နင့်ကိုချစ်ဖို့ ရှင်သန်နေတာပါ။


ချစ်သူ ငါနင့်ကို ဘယ်လောက်ချစ်လဲဆိုတာ စကားလုံးနဲ့ဖော်ပြလို့ရမယ်ဆိုရင် ဒါဟာ အချစ်စစ်မဟုတ်ဘူးလို့ ငါထင်တယ်။အချစ်ဆိုတာ ဘယ်လောက်ရယ်၊ဘယ်အထိရယ်လို့ သတ်မှတ်ထားလို့ရတဲ့ အရာတစ်ခုမဟုတ်တာ ချစ်ဖူးတဲ့လူတွေမှ သိတာမဟုတ်လား။


ချစ်သူ နင်ကငါ့ဘ၀ကို လွမ်းမိုးနိုင်သူလို့ ပြောရင် နင်ရယ်နေမလား။ နင်ဟာ ငါ့ဘ၀မှာ အဲဒီလောက်ထိအရေးပါလိမ့်မှန်း ငါကိုယ်တိုင်လည်း မသိခဲ့ဘူး။ အချိန်တွေ ကြာလာလေ ငါ့အနာဂတ်တွေမှာ နင်ပါဝင်လာလေပဲ။ တကယ်တော့ နင်က ငါ့အတွေးထဲကိုကျူးကျော်ဝင်ရောက်လာခဲ့တာမဟုတ်ပါဘူး။ ငါကသာ င့ါအတွေးတွေထဲမှာ နင့်ကို ကျေကျေနပ်နပ်ကြီးနေရာပေးထားမိတာပါ။


ချစ်သူ အချိန်တိုင်း နင့်ကို လွမ်းလိုက်တာလို့ပဲ ပြောနေရတာ ကြာလာတော့ ငါမပြောချင်တော့ဘူး။ နင့်ကို လွမ်းရလွန်းလို့ ငါ့နှလုံးသားလေးတောင် နင့်နံမည်နဲ့ အပ်ကြောင်းထပ်နေပြီ။ နင့်နံမည်က ငါ့နှလုံးသားမှာ ဆေးမင်ကြောင်ထိုးစရာမလိုအောင်ကို စွဲမြဲနေတယ်။


ချစ်သူ တကယ်တော့ ငါဟာ သိပ်ပြီး ပြည့်စုံတဲ့လူတစ်ယောက် မဟုတ်ဘူး။ လိုအပ်ချက်တွေရှိသလို အမှားတွေလည်း ငါ့မှာရှိတယ်။ ငါဟာ ကိုယ်မှန်တယ်ထင်ရင် အမှားကိုလည်း မြတ်မြတ်နိုးနိုးနဲ့ ဖက်တွယ်တတ်တဲ့ လူစားမျိုးပါ။ တစ်ခါတစ်ခါမှာ ငါ့လုပ်ရပ်တွေက တကိုယ်ကောင်းဆန်တတ်တယ်။ ငါ့ရဲ့ လုပ်ရပ်တွေက နင့်ကိုထိခိုက်စေမယ်ဆိုရင် ငါတောင်းပန်ပါတယ်။ နင့်အတွက်ဆိုပြီး ရည်ရွယ်ချက်ပါပါနဲ့ လုပ်လိုက်တာမျိုးမဟုတ်ပါဘူး။ ဒါကို နင်နားလည်မှာပါ။


ချစ်သူ ငါ့မှာ ကောင်းတဲ့အကျင့်ရှိသလို မကောင်းတဲ့အကျင့်တွေလည်းရှိတယ်။ တစ်ခါတစ်ခါ ငါဟာ ငါ့စိတ်ကိုအလိုလိုက်ပြီး သိသိရက်နဲ့ ဆိုးမိုက်လေ့ရှိတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးကို အခု နင့်ကိုချစ်တဲ့စိတ်နဲ့ ငါပြောင်းလဲနေပြီ။ ငါ့ရဲ့ ဆိုးသွမ်းမှုတွေကို နင်နားလည်ပေးနိုင်ပေမယ့် ငါ့ကြောင့် လူတွေကြားမှာ နင်မျက်နှာငယ်မှာစိုးလို့ နင့်အတွက် ငါပြုပြင်ပြီးနေထိုင်နေတယ်။


ချစ်သူ နင်သိလား ငါ့ဘ၀မှာ အကြောက်ဆုံးက နင်ငါ့ကိုစိတ်ကုန်ပြီး မုန်းသွားမှာကိုပဲ။ ငါအရင်က မကြောက်တတ်ခဲ့ပါဘူး။ ဘာကိုမှလည်း ဂရုမစိုက်တတ်ဘူး။ ငါ့ဘ၀ထဲကို နင်ရောက်လာပြီးကတည်းက ငါကြောက်တတ်လာခဲ့တယ်။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကအစ ငါဂရုစိုက်တတ်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ငါ့လုပ်ရပ်တွေကြောင့် နင့်ကို ထိခိုက်မှာ ငါစိုးရိမ်မိလို့ပါ။


ချစ်သူ ဘ၀ဟာ မချောမွေ့မှန်း နင်လည်း သိသလို ငါလည်းသိပါတယ်။ နင်သာ ငါ့ဘေးမှာရှိရင် ဘ၀မှာ ဘယ်လောက်ခက်ခဲပါစေ ငါရဲရဲကြီး စိန်ခေါ်ရဲတယ်။ ပင်ပန်းဆင်းရဲမှုတွေကို ငါရင်ဆိုင်ရဲတယ်။ ငါစိတ်ပူမိတာက နင်ရော ငါ့လိုပဲ ပင်ပန်းမှုတွေကို ခံနိုင်ရည်ရှိပါ့မလားလို့ပါ။ ဘယ်သူပဲဖြစ်ဖြစ် ချစ်တဲ့သူအတွက်ဆိုရင် အကောင်းဆုံးသော အရာတွေကိုပဲ ပေးချင်မိတာ မဟုတ်လား ?


ချစ်သူ ငါက အများအမြင်မှာ ကျားဆိုးတစ်ကောင်လို ဆိုးသွမ်းနေပေမယ့် နင်နဲ့ပတ်သတ်ရင် ငါဟာ အဖော်မဲ့တဲ့ယုန်တစ်ကောင်လိုပါပဲ။ နင်ငါ့ဘေးမှာရှိတဲ့အချိန် ငါ့ကိုယ်ငါ ပြီးပြည့်စုံတဲ့လူတစ်ယောက်အဖြစ် ခံစားရဖူးတယ်။ နင်ငါ့ဘေးမှာမရှိတဲ့အချိန် ငါဟာလိုအပ်ချက်တွေများနေတဲ့ လူတစ်ယောက်အဖြစ် ငါ့ကိုယ်ငါသိမ်ငယ်ဖူးတယ်။


ချစ်သူ ငါတို့နှစ်ယောက် လက်တွဲဖို့ နင်နဲ့ငါ့မှာ အချစ်နဲ့သစ္စာတရားက အရေးကြီးဆုံးဆိုတာ နင်လည်းသိပြီးသားပါ။ နောက်တစ်ခုက နင့်မှာ အောင်မြင်မှုတွေရှိဖို့ မလိုအပ်ဘူး။ အောင်မြင်အောင် ကြိုးစားချင်တဲ့စိတ်ရှိရင် လုံလောက်ပြီ။


ချစ်သူ ငါလည်း လူတွေထဲက လူသားတစ်ယောက်ပါပဲ။ အဲဒီအတွက် ငါ့မှာ လောဘနည်းနည်းရှိတယ်။ ငါ့ရဲ့ လောဘက နင့်ကိုပိုင်ဆိုင်ချင်တာပါ။ အဲဒါက ငါ့အတွက် ဘ၀လို့ ပြောလို့ရသလို ငါ့ရှင်သန်မှုအတွက် တစ်ခုတည်းသော ရည်ရွယ်ချက်လည်း ဟုတ်တယ်။


ချစ်သူ တကယ်တော့ အချစ်ဆိုတာ ချစ်နေရုံနဲ့ မပြည့်စုံဘူးဆိုတာ နင်ရော ငါပါသိပြီးသားပါ။ အဲဒီအတွက်လည်း ငါ့အချစ်ကို သက်သေပြဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် အချစ်ဆိုတာ အလေးအနက်ထားမိရင် သက်သေပြဖို့ သိပ်ခက်ခဲတယ်ဆိုတာ အခုမှပဲ ငါလက်တွေ့သိလိုက်ရတော့တယ်။ ငါ့ဘ၀မှာ အရှင်သခင်တစ်ပါးအဖြစ်

ကိုးကွယ်မိတဲ့ နင့်ကို ငါဘယ်လောက်ချစ်ကြောင်း သက်သေပြဖို့ အခုချိန်ထိ ငါစဉ်းစားလို့ မရသေးဘူး။


ချစ်သူ နင်မရှိရင် ငါသေသွားလိမ့်မယ်လို့ ငါနင့်ကို မပြောပါဘူး။ တကယ်လည်း နင်မရှိရင် ငါသေမယ်၊ မသေဘူးဆိုတာ ငါကိုယ်တိုင်လည်း မသိဘူး။ ဒါပေမယ့်သေချာတာ တစ်ခုက ငါနင်နဲ့ ဝေးမှာ မကြောက်ဘူး။ နင်ငါ့ကို မချစ်မှာပဲ ငါကြောက်မိတာပါ။


ချစ်သူ အခုဆိုရင် ငါ့အိမ်မက်တွေ၊ စိတ်ကူးတွေထဲသာမက နင်က ငါ့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာပါ နင်ပါဝင်လာနေပြီ။ အခုဆိုရင် နေ့တိုင်းလိုလို နင့်အတွက် ရည်ရွယ်ပြီး တစ်ခုခုကို ငါပြုလုပ်လေ့ရှိတယ်။ ငါပြုလုပ်တဲ့အရာတွေက တစ်ချို့တစ်ချို့သော အရာတွေကို နင့်ကို သက်သေပြဖို့ လွယ်ကူသလို တစ်ချို့အရာတွေက သက်သေပြလို့မရတဲ့အရာတွေလည်းရှိတယ်။ သေချာတာတစ်ခုကတော့ နင့်အတွက်ဆိုပြီး ငါရှင်သန်နေတတ်ပြီ။


ချစ်သူ အနေဝေးရင် သွေးအေးတယ်တဲ့။ ဒါဟာ မှန်လား၊ မှားလား ငါမသိဘူး။ နင်မရှိတဲ့အချိန် ငါဟာ နင့်အကြောင်းတွေကို မပျင်းမရိဘဲ တွေးနေတတ်တယ်။ နင့်အတွက်ဆိုပြီး တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေတတ်တယ်။ အဲဒီအတွက် ငါ့မှာ သွေးအေးဖို့ အချိန်တောင်မရှိဘူး။ နင့်အကြောင်းတွေးနေရရင် ငါ့အတွက် ၂၄ နာရီဆိုတာ မလုံလောက်ပါဘူး။


ချစ်သူ နင်ငါ့ဘေးမှာမရှိတဲ့အချိန် ငါနည်းနည်းလေးတောင် အထီးကျန်ဆန်မှုကို မခံစားရဘူး။ ငါ့အတွေးထဲမှာ နင်အမြဲရှိတယ်လေ။ နင်ငါ့ဘေးမှာမရှိတဲ့အခါ ငါ့အတွက် ဓါတ်ပုံမလိုအပ်ပါဘူး။ ငါနင့်ကို သတိရရင် ငါ့နှလုံးသားထဲမှာ သိမ်းထားတဲ့ နင့်ပုံရိပ်တွေကို ထုတ်ထုတ်ကြည့်မိတယ်။ ငါ့နှလုံးသားထဲက နင့်ပုံရိပ်တွေက ဓါတ်ပုံထက်ပိုပြီးတော့ လှပပြီး ငါ့နှလုံးသားရှင်သန်နေသ၍ မပျောက်မပျက်နိုင်ပါဘူး။


ချစ်သူ နင်နဲ့ပတ်သတ်ရင် ငါဟာ မာနမရှိတဲ့လူတစ်ယောက်ပါ။ ငါ့မှာ နင့်ကို ချစ်မိတာမှားလား မှန်လားဆိုပြီး တစ်ခါမှ ငါမစဉ်းစားမိဖူးဘူး။ အချိန်ရှိတိုင်း နင့်အကြောင်းတွေးနေရတာနဲ့တင် အဲဒီအရာကို စဉ်းစားဖို့ အချိန်ငါ့မှာ မရှိခဲ့ဘူး။ တစ်ယောက်က နင့်ကို ချစ်တာမှားတယ်လို့ ငါ့ကိုထောက်ပြရင်တောင် အဲဒီအမှားကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ငါဖက်တွယ်မိမှာပဲ။


ချစ်သူ ငါ့မှာ နင်နဲ့ပတ်သတ်ပြီး ရည်ရွယ်ချက်တွေ၊ စိတ်ကူးလေးတွေရှိတယ်။ ဘ၀တစ်ခုလုံးနဲ့ ပတ်သတ်တဲ့ ရည်မှန်းချက်တွေမို့ ချက်ချင်းအကောင်အထည်ဖော်လို့ မလွယ်ကူသေးဘူး။ အဲဒီအတွက် နင်က စိတ်ရှည်သည်းခံပြီး စောင့်ပေးပါ။ တစ်ချိန်ကျရင် ငါနင့်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ နင်သိအောင် ငါကြိုးစားပြမှာပါ။

ချစ်သူ မင်းကို အရမ်း အရမ်း လွှမ်းနေပီး ။


No comments:

Post a Comment