zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Saturday, March 24, 2012

မလွယ်ကူဘူးဆိုတာသိပေမယ့်
စွတ်တိုးခဲ့တာငါပါ
မဖြစ်နိုင်ဘူးဆိုတာသိပေမယ့်လည်း
ဆက်လုပ်နေတာလည်းငါပဲ
မပတ်သက်တော့ဘူးဆိုလည်း
လွမ်းနေရသူကလည်းငါပါ
မင်းဘက်ကဘယ်လိုပဲနေနေ
ငါဘက်တော့
ကျောက်မဖြစ်တဲ့နှလုံးသားရုပ်ကြွ
င်း
တစ်ခုအနေနဲ့အမြဲတမ်းမင်းကို
ချစ်နေဆဲပါ...ချစ်ရဆုံးသူ
မင်းကိုချစ်နေတဲ့ လူတစ်ယောက်
ဒီကမ္ဘာမြေပြင်ပေါ်မှာ ရှိနေတယ်ဆိုတာတော့
အမြဲအမှတ်ရပေးပါ......

No comments:

Post a Comment