zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Saturday, March 24, 2012


နှလုံးသားချင်း နီးနေပေးပါ

ချစ်သူ ..

မင်းကို ချစ်တာ ပိုင်ဆိုင်ဖို့ မဟုတ်ဖူးဆိုရင်

အဲဒါ ငါ့ရဲ့ လိမ်ညာမှုပါ

ချစ်သူ ..

မင်းနဲ့ ပတ်သက်တာဆိုရင်

မင်းရဲ့ အရိပ်လေးကစပြီး ငါချစ်ပါတယ်

ချစ်သူ ..

ဘ၀ရဲ့ အမြတ်နိုးဆုံးကိုရွေးပါဆိုရင်

မင်းကလွဲလို့ ရွေးချယ်စရာမရှိပါဘူး

ချစ်သူ ..

အပင်ပန်းဆုံးအချိန်တွေက

မင်းနဲ့ ဝေးနေရတဲ့ အချိန်တွေပါ

မင်းရဲ့ အဝေးမှာ

ကုန်ဆုံးသွားတဲ့ နေ့ရက်တွေ ..

အနောက်အရပ်ကို ခိုလှုံသွားတဲ့

နေလုံးကြီးကိုစောင့်ကြည့်ရတဲ့ အချိန်တွေကို

ငါမုန်းတယ်

မင်းကိုတမ်းတရင်း

စာတွေ ..

ကဗျာတွေ ရေးနေရတာကိုလဲ

မလုပ်ချင်ဘူး

ဒါပေမဲ့လေ

တို့ ဝေးနေသရွေ့ကတော့

ဒီအတိုင်းဆက်ရှင်သန်နေရမှာပါ

ချစ်သူ

မင်းကိုမှာချင်တာတစ်ခုပဲရှိတယ်...

“မျက်လုံးချင်း ဘယ်လောက်ဝေးဝေး ..

နှလုံးသားချင်း နီးနေပေးပါကွာ”

ချစ်တယ် ချစ်တယ် ချစ်သူ ........

No comments:

Post a Comment