zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Saturday, March 24, 2012

ငါဖြစ်စေချင်တဲ့သူ


(၁) ရှုံးနိမ့်ချိန်မှာ မာနမကျိုးတဲ့သူ၊

(၂)ရှုံးနိမ့်နဲ့အခါမှာလည်း ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့သူ၊

(၃)အောင်ပွဲခံချိန်မှာ မ၀င့်ဝါဘဲ သိမ်မွေ့ယဉ်ကျေးတဲ့သူ၊

(၄)အောင်မြင်တဲ့အခါမှာလည်း ရှုံးနိမ့်သူတွေအပေါ် ကရုဏာထားရဲတဲ့ စိတ်ဓါတ်ရှိတဲ့သူ၊

(၅)ပြိုလဲကျဆုံးသွားသူတွေကို သနားကြင်နာတတ်သူ

(၆)ပန်းခင်းလမ်းတွေ့ရင်လည်း ရင်ကော့ခေါင်းမော့ပြီး လမ်းလျောက်တတ်သလို ဆူးခင်းလမ်းတွေ့ရင်လည်း ကိုယ့်ဆူးကိုယ်ထွင်း၊ ကိုယ့်လမ်းကိုယ်ဖောက်လို့ ပန်းတိုင်အထိအေ၇ာက်သွားနိုင်တဲ့
သူ၊

(၇)လဲပြိုချိန်မှာ စိတ်သတ္တိနဲ့ သူများအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထနိုင်တဲ့သူ၊

(၈)အိပ်မက်ကြီးကြီးမက်ပြီး အဲ့ဒီအိပ်မက်တွေကို မဖြစ်ဖြစ်အောင် ကြိုးစားပြီး ဖန်တီးနိုင်တဲ့သူ၊

(၉) ရယ်မောခြင်းဖြင့် ဘ၀ကို တည်ဆောက်ပြီး ငိုစရာတွေ့တဲ့အချိန်မှာလည်း ရယ်မောစရာတွေကို ၇ှာဖွေတတ်တဲ့သူ၊

(၁၀)အမှန်တရားကို စောင့်ေ၇ှာက်ရဲ့တဲ့ သတ္တိရှိတဲ့သူ၊

(၁၁)အနိုင်ကျင့်တတ်တဲ့ ၀န်းကျင်မှာ အရှုံးမပေးဘဲ သည်းခံစိတ်နဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်သူ

(၁၂)မတရားမှုကို စိန်ခေါ်ရဲတဲ့သူ၊

(၁၃)ခွင့်လွတ်ရဲတဲ့ သတ္တိရှိတဲ့သူ၊

(၁၄)စာတော်ပြီး အတ္တမကြီးတဲ့သူ၊

(၁၅)စာမတော်ပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ကြိုးစားတဲ့သူ၊

(၁၆)မှားရင်လည်း အမှားကို တောင်းပန်ရဲတဲ့သူ၊

(၁ရ)အမှားတွေကို သင်ခန်းစာယူပြီး အမှန်ကို ပြုပြင်ရဲတဲ့သူ၊

(၁၈) စာများများဖတ်ပြီး သဘာဝတရားကြီူကို ဖတ်စာအဖြစ် သဘောထားတတ်တဲ့သူ၊

(၁၉) မိဘကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်သူ၊

(၂၀)ကိုယ်ကျိုးအတွက် မရည်ရွယ်ဘဲ အများကောင်းစားေ၇းကို ရည်ရွယ်ကြိုးစားတဲ့သူ။


No comments:

Post a Comment