
“ အပြောချင်ဆုံး စကား “
ရင်ထဲမှာ အလိုအပ်ဆုံးက
မင်းတစ်ယောက်ထဲပါ
ငါ့အတွက် အမြဲ အံ့သြနေစေတာ
မင်းရဲ့ အကြည့်တွေ
မင်းရဲ့အပြုံးတွေ
မင်းရဲ့ အပြုအမူလေးတွေပါ
ငါ့အတွက်အသေချာဆုံးက
အရာအားလုံးထဲမှာ
မင်းကအလိုအပ်ဆုံးဆိုတာပါ
မင်းရဲ့ဆံနွယ်လေးတွေက
နေရောင်ခြည်လေးတွေလိုပါပဲ
မင်းရဲ့ ပုံရိပ်တွေက
ပန်းချီကားတစ်ချပ်လိုပါပဲ
ငါ့ရင်ထဲက လျှံကျနေတဲ့
ရည်စူးထားတဲ့အချစ်တွေအကြောင်း
မင်းသိအောင်ပြောချင်မိတယ်
အချစ်ရေ
ခု .. ဝေးနေကြတဲ့ အချိန်လေးဟာ
အခိုက်အတန့်လေး ဆိုရင်တောင် ..
မင်း ဘယ်အရပ်ကို မျှော်ငေးနေလဲ ?
ဘာတွေတွေးနေမလဲ ?
မင်း ခံစားချက်တွေ အထီးကျန်များဆန်နေမလား ?
ဒါမှမဟုတ် ..
တစ်ယောက်ယောက်နဲ့ချစ်နေမလား ?
ဒါပေမဲ့
မင်းရဲ့နှလုံးသားအတွက်
ငါ့နှလုံးသားထဲက
ပဟေဠိ မဆန် ..
သဲလွန်စလဲမဟုတ် ..
ရိုးရှင်းတဲ့စကားလေး ပြောခဲ့ချင်တယ် ..
“မင်းကို ကို အရမ်းချစ်တယ် “

အရမ်းခံစာရတယ်
ReplyDeleteအရမ်းခံစာရတယ်
ReplyDeleteHi
ReplyDelete